နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက အနုဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ်ကို ပါရမီ အင်စတီကျု က ဖွင့်လှစ်မည်
************************
မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး ကဏ္ဍအတွက် ပထမဆုံး နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက အနုဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် အဖြစ် ပါရမီ အင်စတီကျု က ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။
ပါရမီတက္ကသိုလ်ကို မိတ်ဖက်ပညာရေး အဖွဲ့အစည်း ဖြစ်သည့် အမေရိကန် နိုင်ငံရှိ အနုဝိဇ္ဇာ နှင့် သိပ္ပံဆိုင်ရာ ကောလိပ်များတွင် တစ်ခုဖြစ်သည့် Bard College နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကာ စာသင်နှစ် လေး နှစ်တာအတွက် အချိန်ပြည့် ကျောင်းသားဦးရေ ၆၀၀ အထိ လက်ခံသင်ကြားပေးသွားမည်ဟု သိရသည်။
ရိုက်ကူး/တင်ဆက်- ဟိန်းသက်ဦး