ဟောင်ကောင်အခြေစိုက် အသက်အာမခံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ AIA ကုမ္ပဏီရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တဲ့ ပုဂံဒေသမှာ နိုဝင်ဘာလ ၁၇ရက်နေ့ကျင်းပပြုလုပ်သွားပါတယ်။ ဒီနှစ်တစ်ရာပြည့် အခမ်းအနားကို အာရှပစိဖိတ်ဒေသများမှာလည်း ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် နောက်ဆုံးပိတ်ပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီအခမ်းအနားကိုတော့ AIA ကုမ္ပဏီရဲ့ဆောင်ပုဒ်နဲ့အညီ ပိုပြီးကျန်းမာကောင်းမွန်တဲ့ ဘဝတွေကို ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးတွေကနေတစ်ဆင့် စီးပွားရေး၊ လူမှုရေးတွေတိုးတက်လာစေချင်လိုတဲ့ဆန္ဒနဲ့ ပုဂံဒေသတွင်းက လျှပ်စစ်မီးမရရှိသေးတဲ့ တုရွင်းတောင်အနောက်ဘက်က တုရွင်းတိုင်ကျေးရွာက နေအိမ်၁၀၀ခန့်ကို လျှပ်စစ်မီးအသုံးပြု နိုင်ရန်အတွက် ၂ပေပတ်လည် နေစွမ်းအင်သုံးဆိုလာပြား ၁၀၀ ကို လှူဒါန်းခဲ့ပါတယ်။
နေအိမ်တစ်အိမ်ကို နေစွမ်းအင်သုံးဆိုလာပြားတစ်ချပ်၊ အင်ဗာတာတစ်လုံးအပြင် မီးသီးနှစ်လုံးကို လှူဒါန်း ခဲ့တာပဲ ဖြစ်ပါတယ်။ တုရွင်းတိုင်ကျေးရွာမှာ နေအိမ် ၁၀၀မပြည့်တာကြောင့် ပိုရှိနေတဲ့ ဆိုလာပြား ၃၇ချပ်ကို တုရွင်းတိုင်ကျေးရွာအုပ်စုထဲက လက်ဝဲရွာကို ပြန်လည် လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။
တုရွင်းတိုင်ကျေးရွာဟာ ၂၀၁၃ခုနှစ်တုန်းကမီးရရှိဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တဲ့အပြင် ဂျပန် နိုင်ငံကနေ လှူဒါန်းထားတဲ့ ဓာတ်တိုင်တွေ စိုက်ထားပေမယ့်လည်း အခုချိန်ထိ မီးရရှိမှုမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါ့ကြောင့် အခုလို AIAဘက်က နေစွမ်းအင်သုံးဆိုလာပြားတွေ လှူဒါန်းတဲ့အပေါ် ဝမ်းသာပီတိဖြစ်မိတယ်လို့ဆိုပါတယ်။
AIAရဲ့ နှစ်တစ်ရာပြည့်အခမ်းအနားမှာ နေစွမ်းအင်သုံးဆိုလာပြားလှူဒါန်းတဲ့အစီအစဉ်အပြင် ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများပိုင်ဆိုင်နိုင်စေရန်အတွက် AIA Go! For Lightအမည်ရှိ 5ကီလိုမီတာ တာတိုအပြေးပြိုင်ပွဲကို ထီးလိုမင်းလိုဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ ၂၀၀ကျော်က ပါဝင်ဆင်နွှဲခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။
ရိုက်ကူး / တည်းဖြတ် - အုပ်မှူးဇော်
( ZawGyi )
ေဟာင္ေကာင္အေျခစိုက္ အသက္အာမခံကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ AIA ကုမၸဏီရဲ႕ ႏွစ္ ၁၀၀ ျပည့္ အခမ္းအနားကို ယူနက္စကိုစာရင္းဝင္ ကမာၻ႔အေမြအႏွစ္တစ္ခုျဖစ္တဲ့ ပုဂံေဒသမွာ ႏိုဝင္ဘာလ ၁၇ရက္ေန႔က်င္းပျပဳလုပ္သြားပါတယ္။ ဒီႏွစ္တစ္ရာျပည့္ အခမ္းအနားကို အာရွပစိဖိတ္ေဒသမ်ားမွာလည္း က်င္းပျပဳလုပ္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ေနာက္ဆုံးပိတ္ပြဲအျဖစ္ က်င္းပျပဳလုပ္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ဒီအခမ္းအနားကိုေတာ့ AIA ကုမၸဏီရဲ႕ေဆာင္ပုဒ္နဲ႔အညီ ပိုၿပီးက်န္းမာေကာင္းမြန္တဲ့ ဘဝေတြကို ေပးခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႔ က်င္းပခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
ဒါ့အျပင္ လွ်ပ္စစ္မီးေတြကေနတစ္ဆင့္ စီးပြားေရး၊ လူမႈေရးေတြတိုးတက္လာေစခ်င္လိုတဲ့ဆႏၵနဲ႔ ပုဂံေဒသတြင္းက လွ်ပ္စစ္မီးမရရွိေသးတဲ့ တု႐ြင္းေတာင္အေနာက္ဘက္က တု႐ြင္းတိုင္ေက်း႐ြာက ေနအိမ္၁၀၀ခန႔္ကို လွ်ပ္စစ္မီးအသုံးျပဳ ႏိုင္ရန္အတြက္ ၂ေပပတ္လည္ ေနစြမ္းအင္သုံးဆိုလာျပား ၁၀၀ ကို လႉဒါန္းခဲ့ပါတယ္။
ေနအိမ္တစ္အိမ္ကို ေနစြမ္းအင္သုံးဆိုလာျပားတစ္ခ်ပ္၊ အင္ဗာတာတစ္လုံးအျပင္ မီးသီးႏွစ္လုံးကို လႉဒါန္း ခဲ့တာပဲ ျဖစ္ပါတယ္။ တု႐ြင္းတိုင္ေက်း႐ြာမွာ ေနအိမ္ ၁၀၀မျပည့္တာေၾကာင့္ ပိုရွိေနတဲ့ ဆိုလာျပား ၃၇ခ်ပ္ကို တု႐ြင္းတိုင္ေက်း႐ြာအုပ္စုထဲက လက္ဝဲ႐ြာကို ျပန္လည္ လႉဒါန္းခဲ့တယ္လို႔ဆိုပါတယ္။
တု႐ြင္းတိုင္ေက်း႐ြာဟာ ၂၀၁၃ခုႏွစ္တုန္းကမီးရရွိဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့တဲ့အျပင္ ဂ်ပန္ ႏိုင္ငံကေန လႉဒါန္းထားတဲ့ ဓာတ္တိုင္ေတြ စိုက္ထားေပမယ့္လည္း အခုခ်ိန္ထိ မီးရရွိမႈမရွိေသးဘူးလို႔ ေဒသခံေတြကေျပာပါတယ္။ ဒါ့ေၾကာင့္ အခုလ