ကျော်ဇင်ဝင်း သေဆုံးမှုအတွက် လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက်တွင် မပါဝင်သည့်အချက်များကို သမ္မတ ထံတင်ပြမည်

2019-08-26 1


ကျော်ဇင်ဝင်း သေဆုံးမှုအတွက် လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက်တွင် မပါဝင်သည့်အချက်များကို သမ္မတ ထံတင်ပြမည်
************************
MIU ၀န်ထမ်းဟောင်း ကိုကျော်ဇင်ဝင်း သေဆုံးမှုများနှင့် ပတ်သက်၍ လူအခွင့်ရေးကော်မရှင်၏ ထုတ်ပြန်ချက် ၌မပါဝင်သည့် အချက်များကို နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

"ကော်မရှင်က တင်ထားတဲ့အစီရင်ခံစာမှာ ကျန်ရှိနေသေးသောအချက်များကို ကျွန်တော်တို့တင်ပြမယ်။ ဒီသေဆုံးမှုက ကော်မရှင်က ကောက်ချက်ချသလို စိတ်ပိုင်းဆိုင်ရာ အားနည်းလို့ လုပ်ငန်းဖိအားကြောင့် ဆိုတာ မဟုတ်ဘဲနဲ့ LGBT ကြောင့် လုပ်ငန်းခွင်မှာ ဖိအားကြုံတွေရတယ်ဆိုတဲ့အချက်ကို သက်သေပြနိုင်မယ်။ သမ္မတ ကြီးရဲ့အကြံဥာဏ်နဲ့ သူရဲ့ဆင်ခြင်တုံတရားအရ ဒီကိစ္စကို ထိုက်သင့်တဲ့လွတ်လပ်ခွင့် အမှန်တရားပေါ်ပေါက်ဖို့ အတွက် တစ်နည်းတစ်ဖုံအကျိုးရှိမယ်လို့ ယုံကြည်တယ်" ဟု ဦးအောင်မျိုးမင်း က မီဒီယာများ ကို ပြောသည်။
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59994
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Free Traffic Exchange

Videos similaires