ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သြဂုတ်လအထိ လုပ်ငန်း ၃၅ခုကို ခွင့်ပြုပေးခဲ့

2019-08-14 0

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သြဂုတ်လအထိ လုပ်ငန်း ၃၅ခုကို ခွင့်ပြုပေးခဲ့
*****************
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ယခုနှစ် သြဂုတ်လအထိ လုပ်ငန်းပေါင်း ၃၅ခုကို ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသက်ပိုင်က ပြောသည်။
ခွင့်ပြုပေးထားသည့်လုပ်ငန်း၃၅ခုတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ဟိုတယ်လုပ်ငန်း တစ်ခု၊ မွေးမြူရေးလုပ်ငန်း တစ်ခု၊အိမ်ရာလုပ်ငန်း တစ်ခု၊ ခရီးသွားလုပ်ငန်း တစ်ခု၊အခြားလုပ်ငန်း တစ်ခု၊ စက်မှု လုပ်ငန်းတစ်ခု ၊ကလေးကစားကွင်း တစ်ခုတို့ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် CMP အထည်ချုပ လုပ်ငန်း တစ်ခုတို့ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို ၂၀၁၇ခုနှစ်ဇူလိုင်လတွင် စတင်ဖွဲ့ စည်းခဲ့ပြီး ဖွဲ့စည်းပြီးချိန် တွင် အထည်ချုပ်လုပ်ငန်း ၅ ခု လာရောက်ရင်းနှီးမြှုပ်နှံခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၇၅၄၂ နေရာကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ရိုက်ကူး - စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Free Traffic Exchange

Videos similaires