မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (၀၇-၁၆-၂၀၁၉)
************************
အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနဲ့ သူ့ရဲ့သမ္မတ လုပ်ငန်းတွေကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်နေသူတွေလို့ ဆိုပြီး လူဖြူမဟုတ်တဲ့ အသားအရောင်ကွဲပြားသူ အမျိုးသမီးလွှတ်တော်အမတ် လေးဦးကို သမ္မတ Donald Trump ဝေဖန်၊ ၂၀၁၅ အီရန်နူးကလီးယား သဘောတူညီချက် လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အီရန်ရဲ့စီးပွားရေး ပြန်ကောင်းလာအောင် ကူညီမပေးနိုင်ဘူးဆိုရင် ၂၀၁၅ ခုနှစ်မတိုင်ခင် အချိန်ကလို နျူကလီးယားအစီအစဉ်တွေ ပြန်လုပ်သွားမယ်လို့ အီရန်က ခြိမ်းခြောက်၊ တနင်္ဂနွေနေ့က ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေဟာ ဆူပူအုံကြွသူတွေ ဖြစ်တယ်လို့ တရုတ်ပြည်ပကြီးကို လိုလားသူ ဟောင်ကောင်အကြီးအကဲ Carrie Lam က ပြော စသည့် သတင်းများကို တင်ဆက်ပေးသွားမှာပါ။