သူနဲ့ စတွဲတုန်းက ရိုးရိုးကိုယ်တိုက်ဆပ်ပြာနဲ့ပဲ မျက်နှာသစ်တာ ဆိုတဲ့ ဇဏ်ခီ
*****************************
“Man Cosmetics ဆိုတာက ဒီလိုပါပဲ။အမျိုးသမီးတွေ အသုံးပြုဖို့ မဟုတ်ပါဘူး။ ယောင်္ကျားတွေလည်း ကြည့်လို့ ကောင်းရင်ဆို မင်္ဂလာတစ်ပါးပါပဲ။ ကိုယ့်ဟာကိုယ် ထိန်းသိမ်းတာ ကောင်းပါတယ်။ ကျွန်တော်က သူ နဲ့ စတွဲ တုန်းက ရိုးရိုးကိုယ်တိုက်ဆပ်ပြာနဲ့ပဲ မျက်နှာသစ်တာပါ "~ ဇဏ်ခီ
ကိုရီးယားနိုင်ငံထုတ် Skincare နဲ့ Cosmetic တွေ ရောင်းချမဲ့ Hope Girl Cosmetics ဆိုင်ဖွင့်ပွဲကို ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ ပိုင်ဖြိုးသီဟကုမ္ပဏီရုံးခန်းတွင် ပြုလုပ်ခဲ့ရာမှာ ပွဲတက်ရောက်လာတဲ့ ဇဏ်ခီက ယောင်္ကျားလေးတွေ Skincare အသုံးပြုတာကို ပြောဆိုခဲ့တာပါ။
ရိုက်ကူး၊တည်းဖြတ်- ထွန်းထွန်းဝင်း