H1N1 ကြောင့် သေဆုံးသူများတွင် ရန်ကုန်တိုင်းမှ ၁၈ ယောက် အထိ ရှိ

2019-07-02 2

H1N1 ကြောင့် သေဆုံးသူများတွင် ရန်ကုန်တိုင်းမှ ၁၈ ယောက် အထိ ရှိ
**************************
၂၀၁၉ ခုနှစ်အတွင်း ရာသီတုပ်ကွေးရောဂါ(H1N1) ဖြစ်ပွားမှုကြောင့် ဇွန်လအတွင်း အများဆုံးသေဆုံးခဲ့ပြီး သေဆုံးသူ ၂၁ ယောက်တွင် ရန်ကုန်တိုင်းမှ ၁၈ ယောက်အထိ ပါဝင်နေကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီး (ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ) က ပြောသည်။

"မနေ့အထိ မှတ်တမ်းစာရင်းအရ ကချင်၊ကယား၊ ကရင် မတွေ့သေးပါဘူး ။ ရှမ်းအရှေ့လည်း မတွေ့သေးပါဘူး။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ရောဂါပိုး တွေ့ရှိမှုတွေ ရှိလာပါပြီ။ တွေ့ရှိမှုမှာဆို ရန်ကုန်တိုင်းက အများဆုံးပါ။ သေဆုံးတဲ့ လူဦးရေက ၂၁ ယောက် ရှိပါတယ်။ ရန်ကုန်တိုင်းက သေဆုံးတဲ့ လူဦးရေက ၁၈ ယောက်ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58474
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Free Traffic Exchange

Videos similaires