မီတာခတိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ဆန္ဒပြ

2019-07-01 0

မီတာခတိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ဆန္ဒပြ
***********************************
အစိုးရမှ မီတာခ တိုးမြှင့်ကောက်ခံလိုက်သည့်အပေါ် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်အတွင်းက ပြည်သူအချို့မှ ကန့်ကွက်သည့်အနေဖြင့် ဇူလိုင်လ ၁ ရက်နေ့၊ နံနက် ၉ နာရီတွင် ပုဇွန်တောင်ဥယျာဉ်အိမ်ရာရှေ့မှ စတင်ကာ ကြွေးကြော်သံများနှင့်အတူ မြို့နယ်အတွင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့် ပတ်သက်၍ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး အိမ်သုံးအမျိုးအစား ဓာတ်အားသုံးစွဲမှုကို တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ၁၂၅ ကျပ်ထိကို သုံးစွဲမှု နှုန်းအလိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကာ အိမ်သုံးမဟုတ်သည့် အမျိုးအစားသုံးစွဲမှုများကို တစ်ယူနစ်လျှင် ၁၂၅ ကျပ်မှ ကျပ် ၁၈၀ အထိ သုံးစွဲမှု နှုန်းအလိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထား ခြင်းဖြစ်သည်။


သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58432

Easy Viral Banner Traffic

Videos similaires