တိုင်ကြားစာများ ကြန့်ကြာနေမှုအတွက် လွှတ်တော်တွင် မေးခွန်းထုတ်

2019-06-07 0

တိုင်ကြားစာများ ကြန့်ကြာနေမှုအတွက် လွှတ်တော်တွင် မေးခွန်းထုတ်
==============================

ပြည်သူတို့၏ တိုင်ကြားစာများနှင့်ပတ်သက်၍ ကြန့် ကြာနေခြင်း မထိရောက်ခြင်းတို့အတွက် ငပုတော မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ကျင်းပစဲ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။
“ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများသည် မိမိတို့ နစ်နာချက်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ သို့လိပ်မူ၍ တိုင်ကြားကြပါသည်။ ထိုသို့တိုင်ကြားသော်လည်း တိုင်ကြားစာများမှ ပျောက် နေခြင်း မထိရောက်ခြင်း၊အချိန်ကြန့်ကြာခြင်း ဌာနများမှ ဘက်လိုက်စစ်ဆေးမူများကြောင့် မထိရောက်ခြင်းများ ကြုံတွေ့ နေရပါသည်”ဟု ဦးဖြိုးဇော်ရွှေက ပြောသည်။
အဆိုပါတိုင်ကြားစာများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်ထမ်းများအနေဖြင့် တိုင်ကြားလာမှု အပေါ် သက်ဆိုင်ရာ တိုင်းခရိုင်မြို့နယ်များကစိစစ်တင်ပြစေခြင်း၊ ပြန်လည်လမ်းညွန်စေခြင်း၊ အထက် ဌာနများနှင့်ဆက်စပ် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်နေပြီး အခြားရုံးလုပ်ငန်း တာဝန်များကိုပါ အချိန် နှင့် တပြေးညီ ဆက်စပ်ဆောင်ရွက်ရကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြန်လည်ဖြေကြားခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

သတင်းအပြည့်အစုံ -http://www.mizzimaburmese.com/article/57646

Free Traffic Exchange

Videos similaires