အနာကြီးရောဂါသည်တွေရဲ့ အခွင့်အရေးဆောင်ရွက်နိုင်ဖို့ အသင်းဖွဲ့စည်း

2019-06-02 2

အနာကြီးရောဂါသည်တွေရဲ့အရေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ အသင်းဖွဲ့စည်း
***************************

ခွဲခြားဆက်ဆံခံရမှုတွေရှိနေသေးတဲ့ အနာကြီးရောဂါသည်တွေအရေး ဆောင်ရွက်ပေးနိုင်ဖို့ မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများအသင်းကို စတင်ဖွဲ့စည်းနေပြီလို့ သိရပါတယ်။

မတ္တရာ၊ သံလွင်၊ လှိုင်သာယာ၊ ဟိုခိုက်၊ ရွှေဘို၊ ပခုက္ကူအရာတော်၊ တောင်ငူ၊ မော်လမြိုင်၊ ကျောက်တံခါး၊ မုံရွာစတဲ့ မြို့နယ် ၁ဝ မြို့နယ်က ရောဂါခံစားနေရသူအသင်းဝင် ၃၅ ဦးဟာ အသင်းရဲ့ အနာဂတ်ကာလ အတွက် လုပ်ငန်းအစီအစဉ်ဆွေးနွေးမှုတွေကို ဇွန် ၂ ရက်နေ့က ရန်ကုန်မြို့ YMCA မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနာကြီးရောဂါ ခံစားရသူများအသင်းဟာ မသန်စွမ်းအခွင့်အရေး အကျုံးဝင်ရရှိဖို့၊ ခွဲခြားဆက်ဆံခံရမှု ကင်းဖို့၊ ပညာပေးလုပ်ငန်းတွေပူးပေါင်းလုပ်ဆောင်ဖို့၊ မိသားစုဘဝ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတိုးမြှင့်ဖို့ စတဲ့ရည်ရွယ်ရည်တွေနဲ့ The Leprosy Mission Myanmar အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Videos similaires