ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံပုံ အခြေခံဥပဒေပုဒ်မ၄ခုကို ပြင်ဆင်ပေးဖို့ လွှတ်တော်ကို ဥပဒေကြမ်းတစ်ရပ် တင်သွင်းပါတယ်။
သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချတဲ့ ပုဒ်မ ၂ခု အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်တဲ့ ပုဒ်မ စုစုပေါင်း ပုဒ်မ ၄ခုကို ပြင်ဆင်ဖို့ မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းဦးဆောင်ပြီး တင်သွင်းခဲ့တာပါ။
ရိုက်ကူး / မင်းမင်း
တင်ဆက် - ဇေယျာမော်