၈၈ ငြိမ်း/ပွင့်မှ ဒေါ်နီလာသိန်းကို ရဲက ခေါ်ယူစစ် ပြန်လွှတ်ပေး
***********************
ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ၈၈ ငြိမ်း/ပွင့်မှ ဒေါ်နီလာသိန်းကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပြီး ည ၁၁ နာရီခွဲအချိန်ခန့်မှာတော့ ဒေါ်နီလာသိန်းကို ပြန်လွှတ်ပေးလိုက်ပါတယ်။
တပ်မတော်ကနေ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသားတွေကို မေ ၂၀ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အဲ့ဒီလို ရုံးထုတ်ချိန်မှာ မိသားစုဝင်တွေ ၊ ဝန်းရံသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ၈၈ ငြိမ်း/ပွင့်မှ ဒေါ်နီလာသိန်းကို ၅၁ လမ်းနေအိမ်ကနေ ဗိုလ်တထောင်မြို့မရဲစခန်းမှ မေ ၂၁ ရက်နေ့၊ ညပိုင်းမှာ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါ်နီလာသိန်းအပါအဝင် ၅ ဦးကို ရဲအရာရှိတစ်ဦးက တရားလိုလုပ် အမှုဖွင့်ထားကြောင်းသိရပါတယ်။
သတင်းရိုက်ကူး/တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)