ဧရာဝတီ၊ မေ ၉ ၊ ၂၀၁၉
အခုရက်ပိုင်းအတွင်း အကျဉ်းထောင်တွေမှာ လွှတ်ငြိမ်းချမ်းသာခွင့် မျှတမှုမရှိဘူးဆိုပြီး ဆူပူမှုတွေ ဖြစ်နေတာဟာ ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောပါတယ်။
အကျဉ်းသားတွေ အနေနဲ့လည်း အခုလို ဆူပူနေတာမျိုး မလုပ်သင့်ဘဲ တရားဝင် ဥပဒေလမ်းကြောင်းနဲ့ သက်ဆိုင်ရာကို စာတင်တာမျိုး လုပ်သင့်ကြောင်း၊ တနိုင်ငံလုံးက ထောင်တွေ တပြိုင်တည် ဆူပူနေတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းကိုလည်း ပြောကြပါတယ်။
ရိုက်ကူး - ထက်နိုင်ဇော်
တည်းဖြတ် - ဝေယံမိုးမြင့်