ပုဒ်မ နှစ်ခုဖြင့် တရားစွဲခံထားရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရုံးထုတ်

2019-04-25 4

ပုဒ်မ နှစ်ခုဖြင့် တရားစွဲခံထားရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရုံးထုတ်
================================
တပ်မတော်ဘက်မှ ပုဒ်မ ၂ ခုဖြင့်တရားစွဲခံထားရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ဧပြီလ ၂၅ ရက်၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးတွင် ၂ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။

လူသိများထင်ရှားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်း ထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) ဖြင့် အင်းစိန်မြို့မရဲစခန်းတွင်တရားစွဲခဲ့ပြီး အင်းစိန်မြို့နယ်တရား ရုံးတွင်လည်း ပုဒ်မ- ၅ဝ၅(က)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်းဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်သည်ဟုဆိုကာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်ဘက်မှ အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Videos similaires