အေအေနဲ့ အာဆာကို အမြစ်ပြတ်ရှင်းလင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ သဘောတူ

2019-04-09 3

အေအေနဲ့ အာဆာကို အမြစ်ပြတ်ရှင်းလင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ သဘောတူ
******************************
MizzimaTV
မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး နှစ်နိုင်ငံ နယ်စပ်မျဉ်းတစ်လျှောက် လှုပ်ရှား နေတဲ့ ရက္ခိုင့်တပ် အေအေနဲ့ အာဆာအဖွဲ့ကို အမြစ်ပြတ်ရှင်းလင်းသွားမယ်လို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေက သဘောတူလိုက်ပါတယ်။
နေပြည်တော်မှာ နှစ်ရက်ကြာကျင်းပတဲ့ ၆ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအပြီး ဧပြီလ ၉ရက်နေ့က ပူးတွဲသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးမှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု တားဆီး ကာကွယ်ရေး၊ သတင်းအချက် အလက် ဖလှယ်ရေးနဲ့ နယ်စပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်လာရင် အရေးပေါ်အစည်းအဝေးတွေ ပြုလုပ်ဖို့ ကိုလည်း နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ရိုက်ကူး - မင်းမင်း(နေပြည်တော်)

Free Traffic Exchange

Videos similaires