NLD က ခြေ/ဥ ပြင်ဆင်ရေးမှာ တပ်မတော် ပါဝင်စေလို

2019-02-06 0

NLD က ခြေ/ဥ ပြင်ဆင်ရေးမှာ တပ်မတော် ပါဝင်စေလို

#MizzimaTV

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရေး အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၆ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲများတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပါတယ်။ အဆို အတည်ဖြစ်တဲ့အတွက် ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်၊ ဒုတိယ နာယက ဦးထွန်းထွန်းဟိန် ဦးဆောင်ပြီး လွှတ်တော်ထဲနေရာရထားတဲ့ နိုင်ငံရေးပါတီအသီးသီးအပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကိုပါ အချိုးကျ ထည့်သွင်းပြီး မကြာခင် ဖွဲ့စည်းသွားမယ်လို့ လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

(ရိုက်ကူး- အောင်မြတ်သူ၊ တင်ဆက်- မင်းမင်း/မဇ္ဈိမ)