ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၉
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ပြည်ပရေကြောင်းပို့ကုန်အာမခံ “Overseas Marine Cargo Insurance” ဆိုတဲ့ အာမခံအမျိုးအစားအသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီအာမခံအမျိုးအစားကို GGI Insurance (Grand Guardian Insurance Public Co.,Ltd) နဲ့ Tokio Marine Insurance (Thailand) Public Co.,Ltd တို့က အကျိုးတူပူးပေါင်းဆောင်ရွက်တာ ဖြစ်ပြီး သယ်ပို့တဲ့ကုန်ပစ္စည်းတွေ သဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ်၊ မတော်တဆထိခိုက်မှု ကြောင့်ပဲဖြစ်ဖြစ် ပျက်စီးဆုံးရှုံးမှုဖြစ်ရင် အာမခံအကာအကွယ်တွေ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ရိုက်ကူး/တည်းဖြတ် - ရွှေလေး