ပုဂံဟာ မြန်မာပြည်အလယ်ပိုင်း ဧရာဝတီ မြစ်ဝှမ်းလွင်ပြင်မှာ မြို့ပြတခုအဖြစ်နဲ့ အေဒီ ၉ ရာစုကနေ ၁၃ ရာစုတိုင် ထွန်းကားခဲ့ပါတယ်။
အေဒီ ၉ ရာစုက စတင်တည်ထားခဲ့တဲ့ ဘုရားစေတီ၊ ကျောင်းကန်တွေဟာ ပုဂံမှာ ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ယနေ့ခေတ်မှာတော့ လာရောက် လည်ပတ် လေ့လာ သူတွေနဲ့ ပြည့်နှက်နေပါတယ်။
အာနန္ဒာ၊ ဓမ္မရံကြီး၊ ရွှေစည်းခုံ၊ သဗ္ဗညု စတဲ့ အံ့သြဖွယ်ရာ ဗိသုကာ လက်ရာတွေနဲ့ တည်ထားတဲ့ စေတီတွေအပါအ၀င် ထနှောင်းပင်ရိပ်ကြားက ပုဂံ အလှကို ဧရာဝတီရဲ့ အနီးအဝေး ပုဂံ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။