ရန်ကုန်-ပြည် ကားလမ်းမဘေး ရွှေတောင်မြို့နယ် ဝါးလည်ကျေးရွာမှာ ဓာတုဗေဒ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ ဓါတ်မြေသြဇာတွေ မသုံးပဲ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် ဈေးဆိုင်တွေကို (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့က စတင်ဖွင့်လှစ်ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။