ရုံးချိန်း ၉၈ ချိန်းအထိ ရှိခဲ့ပြီဖြစ်သည့် ဦးကိုနီအသတ်ခံရမှု စစ်ဆေးနေသည့်အခြေအနေ
===================
ညနေ ၅ နာရီအချိန်ခန့်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူအများမြင်ကွင်းတွင် သေနတ်ဖြင့်အနီးကပ် ပစ်ခတ်အသတ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှုကို စစ်ဆေးနေသည်မှာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ရုံးချိန်းပေါင်း ၉၈ ချိန်းထိရှိခဲ့ပြီဖြစ်သည်။
လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ယင်းအမှုအား စစ်ဆေးမှုမှာ ၂ နှစ်ပြည့်တော့မည်လည်းဖြစ်သည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)