ရန်ကုန် မီးရထားလမ်းပိုင်းများ စတင်အဆင့်မြှင့်နေပြီ

2018-12-25 3

ရန်ကုန် မီးရထားလမ်းပိုင်းများ စတင်အဆင့်မြှင့်နေပြီ
**************************
ဒီဇယ်သုံးလျှပ်စစ်ရထားပြေးဆွဲပေးနိုင်ဖို့ ရည်ရွယ်ပြီး ရထားလမ်းတွေကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီလို့ မြန်မာ့မီးရထားမှ သိရပါတယ်။

မြို့တွင်း လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့အတွက် မြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူတွေက စတင် အကောင် အထည်ဖော်လုပ်ဆောင်နေပြီး လာမယ့် ၂ဝ၂ဝ မှာတော့ စတင်ပြေးဆွဲသွားနိုင်ဖို့ ခန့်မှန်းထား တယ်လို့လည်း သိရပါတယ်။

ဒီဇင်ဘာလ၂၁ ရက်မှ စတင်ပြီး အကွာအဝေး ၅ ဒသမ ၅ မိုင်ရှိတဲ့ အင်းစိန်- ကြည့်မြင်တိုင် ရထားလမ်းပိုင်း နှင့် အကွာအဝေး ၇ ဒသမ ၂၅ မိုင်ရှိတဲ့ တညင်းကုန်း- ပုရွက်ဆိတ်ကုန်း ရထားလမ်းပိုင်းတွေကို စတင် အဆင့်မြှင့်တင်နေတာလည်း ဖြစ်ပါတယ်။

ရိုက်ကူး-ရဲနိုင်(လောက်ကိုင်)၊ စိုးသူအောင်
တည်းဖြတ်-စိုးသူအောင်

Free Traffic Exchange

Videos similaires