တိုင်းပြည် စီးပွားရေး မတိုးတက်မှု အရင်လူကို ပုံမချသင့်ကြောင်း ကြံ့ခိုင်ရေး ပြော (ရုပ်/သံ)

2018-10-26 1


ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၁၈

လက်ရှိ အစိုးရ အနေနဲ့ ကိုယ်လုပ်နိုင်တဲ့အရည်အသွေးကို မပြောဘဲ အရင်အစိုးရရဲ့ အကြွေးတွေ ဆပ်နေရ တယ်လို့ အပြစ်တင်နေတာဟာ မှန်ကန်တဲ့ဖြေရှင်းမှုမျိုး မဟုတ်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောလိုက်ပါတယ်။

၁၉၉၈ မတိုင်မီ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကနေ တပ်မတော် အစိုးရလက်ထက်အထိ နိုင်ငံခြား ကြွေးမီ ၅ ဘီလီယံ၊ ၁၉၉၈ မှ တပ်မတော် အစိုးရလက်ထက် ၂၀၁၀ အထိ နိုင်ငံခြား ကြွေးမီ ၄ ဘီလီယံ ရှိခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ အ ကြွေး ၆ ဘီလီယံ လျော့ချနိုင်ခဲ့ကာ ၃ ဘီလီယံ ကျန်ခဲ့ကြောင်းနဲ့ ဦးသိန်းစိန်က အကြွေး ၂ ဘီလီယံ ထပ်ယူခဲ့တာကြောင့် ၅ ဘီလီယံ အကြွေးတင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အင်တာဗျူး - ထက်နိုင်ဇော်
ရိုက်ကူး - ကျော်မျိုး

Free Traffic Exchange

Videos similaires