အမေရိကန်သမ္မတ Donald Trump ဟာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု အေဂျင်စီတခုကို ထူထောင်ဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီအေဂျင်စီအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လိုအ

2018-10-20 1

အမေရိကန်သမ္မတ Donald Trump ဟာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု အေဂျင်စီတခုကို ထူထောင်ဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီအေဂျင်စီအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ ချေးငှားနိုင်မယ့် ဒေါ်လာ ၆၀ ဘီလျံကို စီမံခန့်ခွဲရမှာပါ။ အကဲခတ်တချို့ကတော့ ဒီအစီအစဉ်ဟာ သမ္မတ ရွေးကောက်ပွဲကာလက ထရမ့်ကတိပေးထားတဲ့ အမေရိကန်အတွက်သာ ပထမဦးစားပေး ဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ထောက်ပြပါတယ်။ ဒါပေမယ့်လည်း အာဖရိက၊ အာရှနဲ့ လက်တင်အမေရိက ဒေသမှာ တရုတ်နိုင်ငံရဲ့ တစတစ သြဇာလွှမ်းမိုးလာမှုကို တုန့်ပြန်တဲ့အနေနဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖေါ်တာဖြစ်တဲ့အကြောင်း အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေ သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။

Free Traffic Exchange

Videos similaires