Myanmar Christian Musical Drama (အနန္တတန်ခိုးရှင်ဘုရားသခင်ကို လူမျိုးတိုင်းက ကိုးကွယ်ကြသည်) Good News

2018-10-02 35

ကြယ်တွေစုံလင်၊ တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေတဲ့ ညတစ်ညရဲ့ ကောင်းကင်ယံအောက်မှာ၊ ခရစ်ယာန်အဖွဲ့တစ်ဖွဲ့ဟာ ကယ်တင်ရှင်ပြန်အလာကို ထက်သန်စွာ စောင့်ရင်း ပျော်ရွှင်စရာကောင်းတဲ့ တေးဂီတနဲ့ သီဆို ကခုန်နေကြတယ်။ "ဘုရားသခင် ပြန်လာပြီ" ၊"ဘုရားသခင်ဟာ နှုတ်ကပတ်တော်အသစ်တွေကို ပြောကြားလိုက်ပြီ" ဆိုတဲ့ ဝမ်းမြောက်ဖွယ်ရာ သတင်းကို သူတို့ ကြားတဲ့အခါမှာ အံ့သြပြီး စိတ်လှုပ်ရှားကြတယ်။ "ဘုရားသခင်ပြန်လာပြီလား။ သူ ထွက်ပေါ်နှင့်ပြီလား" လို့ သူတို့ တွေးကြတယ်။ စူးစမ်းလိုစိတ်နဲ့ မသေချာမှုတွေနဲ့အတူ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အသစ်တွေကို ကြိုးပမ်းရှာဖွေခြင်း ခရီးထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြတယ်။ သူတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကြိုးပမ်းရှာဖွေမှုမှာ တစ်ချို့လူတွေက မေးခွန်းတွေ မေးနေကြပြီး တစ်ချို့ကတော့ ရိုးရိုးလေးပဲ လက်ခံကြတယ်။ တစ်ချို့လူတွေက မှတ်ချက်မပေးဘဲ ခံယူကြပြီး တစ်ခြားလူတွေကတော့ အကြံပြုချက်တွေပြုလုပ်ကြပြီး သမ္မာကျမ်းစာမှာ အဖြေတွေကို ရှာဖွေကြတယ်။ သူတို့တွေ ကြည့်ကြတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဘာအကျိုးရလဒ်မှ မရရှိခဲ့ဘူး။ သူတို့တွေ စိတ်ဓါတ်ကျလာတဲ့အချိန်မှာပဲ မျက်မြင်သက်သေတစ်ယောက်ဟာ နိုင်ငံတော်ခေတ် သမ္မာကျမ်းစာ မိတ္တူကိုယူလာတယ်။ သူတို့ဟာ စာအုပ်ထဲမှာပါတဲ့ နှုတ်ကပတ်တော်တွေကို လေးလေးနက်နက် စိတ်ဝင်စားလာခဲ့ကြတယ်။ ဒီစာအုပ်က တကယ်တမ်း ဘယ်လိုစာအုပ်မျိုးလဲ။ သူတို့က အဲဒီစာအုပ်ထဲမှာ ဘုရားသခင် ပြောကြားထားတဲ့ နှုတ်ကပတ်တော်အသစ်တွေကို တကယ်ပဲ တွေ့သွားကြတာလား။ ဘုရားသခင် ပေါ်ထွန်းလာခြင်းကို သူတို့ ကြိုဆိုပြီးကြပြီလား။

များပြားသောအကြံပြုချက်များ
https://my.kingdomsalvation.org/hymns.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Free Traffic Exchange

Videos similaires