သြဂုတ် ၂၄၊ ၂၀၁၈
(Unicode)
မူးယစ်မှု နဲ့ဖမ်းခံထားရတဲ့အဆိုတော်ရွှေထိုက်ကို ရုံးထုတ်ရမန်ယူ
သြဂုတ် ၂၄၊ ၂၀၁၈
မူးယစ်ဆေးဝါးမှု နဲ့ ဖမ်းဆီးခံထားရတဲ့ အဆိုတော်ရွှေထိုက် နဲ့ သူ့အမျိုးသား တို့ကို ဒီကနေ့ ရန်ကင်းတရား ရုံးမှာ ရုံးထုတ် ရမန်ယူခဲ့ပါတယ်။
ဒီတကြိမ် ရမန်ယူတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့လည်းသိရပါတယ်။
အဆိုတော် ရွှေထိုက်တို့ လင်မယားကိုနေအိမ်မှာ စိတ်ကြွဆေးပြားတစ်သောင်းကျော်နဲ့ သြဂုတ်လ ၉ ရက် ရဲတပ်ဖွဲ့ က ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ နဲ့ အမှုဖွင့်ထား တာဖြစ်ပါတယ်။
လာမယ့် ရုံးချိန်းကိုတော့ စက်တင်ဘာလ ၆ ရက်နေ့ကို ထပ်မံ ချိန်းဆိုထားတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်