ကိုလံဘီယာမွာ ႐ိုးရာ ပန္းအလွပန္းခ်ီ ပြဲေတာ္တစ္ခု က်င္းပၾသဂုတ္-၁၃၊၂၀၁၈ကိုလံဘီယာႏုိင္ငံ၊ မက္ဒယ္လင္းၿမိဳ႕မွာ ႐ိုးရာ ပန္းအလွပန္းခ်ီ ပြဲေတာ္တစ္ခုကို က်င္းပ ျပဳလုပ

2018-08-14 1

ကိုလံဘီယာမွာ ႐ိုးရာ ပန္းအလွပန္းခ်ီ ပြဲေတာ္တစ္ခု က်င္းပ

ၾသဂုတ္-၁၃၊၂၀၁၈

ကိုလံဘီယာႏုိင္ငံ၊ မက္ဒယ္လင္းၿမိဳ႕မွာ ႐ိုးရာ ပန္းအလွပန္းခ်ီ ပြဲေတာ္တစ္ခုကို က်င္းပ ျပဳလုပ္ခဲ့ပါတယ္။

ႏုိင္ငံ အေနာက္ေျမာက္ပိုင္းက မက္ဒယ္လင္းၿမိဳ႕မွာ ရာသီအလုိက္ အေလ့က်ပန္းပင္ေတြ သဘာဝအတုိင္း ရွင္သန္ ေပါက္ေရာက္ေလ့ ရွိပါတယ္။ အဲဒီပန္းေတြနဲ႔ ဖန္တီးထားတဲ့ ပန္းအလွ ပန္းခ်ီေတြကို ေဒသခံေတြက စုေပါင္းသယ္ေဆာင္ ျပသတဲ့ ပြဲေတာ္ကို ေဒသရဲ႕ ႐ိုးရာ အစဉ္အလာ တစ္ရပ္အေနနဲ႔ နွစ္စဉ္ က်င္းပၾကတာ ျဖစ္ပါတယ္။

အခုႏွစ္ ပန္းအလွပန္းခ်ီ ပြဲေတာ္မွာေတာ့ ပါဝင္ျပသတဲ့ လက္ရာေပါင္း ၅၁၀ ရွိခဲ့ၿပီး ကမာၻလွည့္ ခရီးသည္ ႏွစ္ေသာင္းေလာက္ လာေရာက္ အားေပး ၾကည့္႐ႈခဲ့တယ္လုိ႔ စီစဉ္သူေတြက ေျပာပါတယ္။ ဒီပြဲေတာ္ကို ႏွစ္စဉ္ က်င္းပလာတာ အခုဆိုရင္ ၆၁ ႀကိမ္ တုိင္ခဲ့ပါၿပီ။

ေဒသရဲ႕ ပန္းစိုက္ပ်ိဳးမႈ လုပ္ငန္းကို ျမႇင့္တင္တဲ့ အေနနဲ႔ ၁၉ ရာစု အစဉ္အလာေဟာင္း တစ္ရပ္ကို ၁၉၅၇ ကစလို႔ ႏွစ္စဉ္ ပြဲေတာ္တစ္ခုအျဖစ္ က်င္းပခဲ့တာလုိ႔ ေ႐ွ႕မီေနာက္မီ မက္ဒယ္လင္း ၿမိဳ႕ခံေတြက ေျပာပါတယ္။

ကိုလံဘီယာဟာ ပန္းအလွေတြ စိုက္ပ်ိဳးထုတ္လုပ္မႈနဲ႔ ပတ္သက္ၿပီး အေနာက္ကမာၻျခမ္းမွာ နာမည္ေကာင္းနဲ႔ ေက်ာ္ၾကားတဲ့ ႏုိင္ငံတစ္ခုျဖစ္ၿပီး နယ္သာလန္ၿပီးရင္ ကမာၻေပၚမွာ ပန္းေတြ တင္ပို႔ေရာင္းခ်မႈ အမ်ားဆံုး ႏုိင္ငံအေနနဲ႔လည္း ရပ္တည္ေနပါတယ္။

Unicode

ကိုလံဘီယာမှာ ရိုးရာ ပန်းအလှပန်းချီ ပွဲတော်တစ်ခု ကျင်းပ

သြဂုတ်-၁၃၊၂၀၁၈

ကိုလံဘီယာနိုင်ငံ၊ မက်ဒယ်လင်းမြို့မှာ ရိုးရာ ပန်းအလှပန်းချီ ပွဲတော်တစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်းက မက်ဒယ်လင်းမြို့မှာ ရာသီအလိုက် အလေ့ကျပန်းပင်တွေ သဘာဝအတိုင်း ရှင်သန် ပေါက်ရောက်လေ့ ရှိပါတယ်။ အဲဒီပန်းတွေနဲ့ ဖန်တီးထားတဲ့ ပန်းအလှ ပန်းချီတွေကို ဒေသခံတွေက စုပေါင်းသယ်ဆောင် ပြသတဲ့ ပွဲတော်ကို ဒေသရဲ့ ရိုးရာ အစဉ်အလာ တစ်ရပ်အနေနဲ့ နှစ်စဉ် ကျင်းပကြတာ ဖြစ်ပါတယ်။

အခုနှစ် ပန်းအလှပန်းချီ ပွဲတော်မှာတော့ ပါဝင်ပြသတဲ့ လက်ရာပေါင်း ၅၁၀ ရှိခဲ့ပြီး ကမ္ဘာလှည့် ခရီးသည် နှစ်သောင်းလောက် လာရောက် အားပေး ကြည့်ရှုခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ဒီပွဲတော်ကို နှစ်စဉ် ကျင်းပလာတာ အခုဆိုရင် ၆၁ ကြိမ် တိုင်ခဲ့ပါပြီ။

ဒေသရဲ့ ပန်းစိုက်ပျိုးမှု လုပ်ငန်းကို မြှင့်တင်တဲ့ အနေနဲ့ ၁၉ ရာစု အစဉ်အလာဟောင်း တစ်ရပ်ကို ၁၉၅၇ ကစလို့ နှစ်စဉ် ပွဲတော်တစ်ခုအဖြစ် ကျင်းပခဲ့တာလို့ ရှေ့မီနောက်မီ မက်ဒယ်လင်း မြို့ခံတွေက ပြောပါတယ်။

ကိုလံဘီယာဟာ ပန်းအလှတွေ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အနောက်ကမ္ဘာခြမ်းမှာ နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နယ်သာလန်ပြီးရင် ကမ္ဘာပေါ်မှာ ပန်းတွေ တင်ပို့ရောင်းချမှု အများဆုံး နိုင်ငံအနေနဲ့လည်း ရပ်တည်နေပါတယ်။

Videos similaires