ပြည်တွင်းစစ်ကြောင့် မိဘရင်ခွင်မဲ့ခဲ့ရတဲ့ ကိုရင်လေးများ ဧရာဝတီ၊ ဇူလိုင် ၃၁၊ ၂၀၁၈ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါလျှံ (၂) ကွက်သစ်၊ ဝေဠုဝန် ဘုန်းတော်ြ

2018-08-02 3

ပြည်တွင်းစစ်ကြောင့် မိဘရင်ခွင်မဲ့ခဲ့ရတဲ့ ကိုရင်လေးများ

ဧရာဝတီ၊ ဇူလိုင် ၃၁၊ ၂၀၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါလျှံ (၂) ကွက်သစ်၊ ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းက ထိန်းသိမ်း စောင့်လျှောက် ထားတဲ့ ကိုရင်လေးတွေထဲမှာ အများစုက ပြည်တွင်းစစ်ပဋိပက္ခကြောင့် မိဘမဲ့ ဖြစ်ခဲ့ရတဲ့သူတွေပါ။

ရှမ်း၊ ပလောင်၊ အခါ၊ ရခိုင်နဲ့ ဗမာ တိုင်းရင်းသားတွေ ဖြစ်တဲ့ ကိုရင်လေးတွေဟာ ဘာသာစကား မတူကြပေမယ့် ဝေဠုဝန် ဆရာတော် ဦးနန္ဒိမာဝံသ အရိပ်အောက်မှာ အတူ ကျောင်းသွား၊ အတူအိပ်၊ အတူစား သူငယ်ချင်းတွေ ဖြစ်နေတာတွေ့ရပါတယ်။

မိဘအုပ်ထိန်းမှု ရင်ခွင်အောက်မှာ ကြီးပြင်းရမယ့် အရွယ်တွေဖြစ်သလို တခါတရံ ဖျားနာတဲ့အခါ၊ အိပ်မက်မက်တဲ့ အခါမျိုးတွေမှာ မရှိတော့တဲ့ အမေကို တမ်းတကြတာမျိုးရှိသလို အိမ်ပြန်ချင်ကြောင်း ပြောဆိုတာမျိုးတွေ ရှိကြောင်း ကိုယ်ရင်လေးတွေကို အနီးကပ် အုပ်ထိန်းနေတဲ့ အရှင် သောဘဏ က မိန့်ကြားပါတယ်။

ရိုက်ကူး၊ တည်းဖြတ် - အောင်မိုးမြင့်

Free Traffic Exchange

Videos similaires