အောင်သပြေကျေးရွာ ဒေသခံအချို့ ပုသိမ်ကြီးမြို့မရဲစခန်းတွင် လာရောက်အဖမ်းခံ (ရုပ်/သံ)ဧရာဝတီ ၊ ဇူလိုင် ၃၁ ၊၂၀၁၈ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေး

2018-08-02 4

အောင်သပြေကျေးရွာ ဒေသခံအချို့ ပုသိမ်ကြီးမြို့မရဲစခန်းတွင် လာရောက်အဖမ်းခံ (ရုပ်/သံ)

ဧရာဝတီ ၊ ဇူလိုင် ၃၁ ၊၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာတွင် မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေရာတွင် လမ်းပေါ်ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ ကျေးလက်လမ်း ဦးစီးဌာနမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် လမ်းများ၊ တံတာများ ဥပဒေပုဒ်မ ၂၂ ဖြင့်အမှုဖွင့်ခံထားရသည့် အောင်သပြေကျေးရွာ ဒေသခံအချို့က ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်း ပုသိမ်ကြီးမြို့မရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့သည်။

လမ်းပေါ်ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ အောင်သပြေကျေးရွာမှ ဒေသခံ ၄ဦးကို ဥပဒေပုဒ်မ ၂၂ ဖြင့်အမှုဖွင့်ထားကာ တစ်ဦးကိုဖမ်းစီးထားပြီး ယနေ့တွင် ဦးသိန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြ တို့၃ဦးက လာရောက်အဖမ်းခံခြင်းဖြစ်သည်။ မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ဒေသခံများက ကန့်ကွက်နေကြကြောင်းသိရသည်။

ရိုက်ကူး- ဇော်ဇော်

Free Traffic Exchange

Videos similaires