လွတ်ငြိမ်းချမ်းသာခွင့် မရရင် ထောင်ထဲကနေ အဝေးသင် ဆက်တက်မယ် (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၂၀ ၊ ၂၀၁၈၂၀၁၇-၂၀၁၈ပညာသင်နှစ်အတွင်း အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းအော

2018-06-26 24

လွတ်ငြိမ်းချမ်းသာခွင့် မရရင် ထောင်ထဲကနေ အဝေးသင် ဆက်တက်မယ် (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၂၀ ၊ ၂၀၁၈

၂၀၁၇-၂၀၁၈ပညာသင်နှစ်အတွင်း အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသား(၁၉)ဦးကို အင်းစိန်အကျဉ်းဦးစီးဌာနမှ ဂုဏ်ပြုပွဲပြုလုပ်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူတွေထဲက မောင်ဥာဏ်လင်းမောင်က ၃ဘာသာဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။ ၁၀တန်းအောင်မြင်သွားတဲ့ ၁၉ဦးဟာ သူတို့ရရှိထားတဲ့အမှတ်နဲ့ သူတို့စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်ဖို့ လက်တလောမှာ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်သမ္မတကြီးရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်မိပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်မရခဲ့လျှင် အဝေးသင်တတ်ပြီး တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရိုက်ကူး/ တည်းဖြတ်- ဝေနှင်းထွဋ်

Free Traffic Exchange

Videos similaires