၂၀၁၇ ခုနှစ် မြန်မာ့အကောင်းဆုံးအားကစားသမားများ ဆု ထဲမှာ အောင်လအန်ဆန်ပါဝင် ဇွန် − ၂၃၊ ၂၀၁၈ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၁၇ ခုနှစ်

2018-06-26 1

၂၀၁၇ ခုနှစ် မြန်မာ့အကောင်းဆုံးအားကစားသမားများ ဆု ထဲမှာ အောင်လအန်ဆန်ပါဝင်

ဇွန် − ၂၃၊ ၂၀၁၈

မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၁၇ ခုနှစ် မြန်မာ့အကောင်းဆုံးအားကစားသမားများ ဆုစာရင်းမှာတော့ One Championship MMA ကစားသမား အောင်လအန်ဆန်ပါဝင်ပါတယ်။

ဆုချီးမြှင့်ပွဲကိုတော့ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ အမျိုးသားအားကစားရုံ ၁ မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံးအားကစားသမား ၅ ဦးကိုရွေးချယ်ထားပြီး ပါဝင်သူတွေကတော့ အကောင်းဆုံးအမျိုးသားဆုကိုတော့ ကမ္ဘာ့ကာယဗလပြိုင်ပွဲရွှေဆုရ ကိုထွန်းထွန်းအောင်၊ အမျိုးသမီးဆုကိုတော့ ဆီးဂိမ်းရွှေဆုရ သေနတ်ပစ်မယ် မမေပိုးဝါ၊ နည်းပြဆရာဆုကို ကာယဗလ နည်းပြဆရာ ဦးမင်းဇော်ဦး၊ အကောင်းဆုံး အသင်းလိုက်ဆုကိုတော့ ကမ္ဘာ့ရိုးရာလှေပြိုင်ပွဲ ရွှေတံဆိပ်ဆုရ မြန်မာ့လှေလှော်အသင်းနဲ့ အထူးဂုဏ်ပြုဆုကိုတော့ MMA (One Championship)ကမ္ဘာ့လိုက်ဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လ အန်ဆန်တို့က ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်အနေနဲ့ အကောင်းဆုံးအားကစားသမားဆုများကို လာမယ့်နှစ်တွေမှာလည်း ပေးအပ်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Free Traffic Exchange

Videos similaires