၇၃ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်မြို့တွင် ပြုလုပ် (ရုပ်/သံ)ဧရာဝတီ၊ ဇွန် ၂၀၊ ၂၀၁၈ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ေ

2018-06-20 0

၇၃ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်မြို့တွင် ပြုလုပ် (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၀၊ ၂၀၁၈

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့် မွေးနေ့ကို ပြည်မြို့ လက်သည်းရေကန်ဘုန်းကြီးကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ မွေးနေ့ဆုတောင်းပွဲနှင့် ၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်ရေးအတွက် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ ချီတက်ကြွေးကြော်ကာ ရွှေဆံတော်ဘုရာကြီး အင်္ဂါထောင့်တွင် ကျင်းပခဲ့ကြသလို ပြည်မြို့နယ် NLD ပါတီနှင့် ပန်းချီ၊ ဂီတ၊ ပန်းပု၊ Tatoo အနုပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လက်သည်းရေကန်ဘုန်းတော်ကြီးကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေ့နေ့အမှတ်တရ အခမဲ့ ပုံတူဆေးမှင်ထိုးခြင်းနှင့် ပန်းပုရုပ်များ ထုလုပ်ခြင်းတို့ဖြင့် အသီးသီးကျင်းပပြုလုပ်ခဲ့ကြသည်။

ရိုက်ကူး - ကောင်းမြတ်မင်း

Free Traffic Exchange

Videos similaires