
2018-06-02 2


မေ - ၂၉ ၊၂၀၁၈





================================================
(Unicode)

ဒီနှစ် ဆယ်တန်းအောင်တဲ့သူတွေ တက္ကသိုလ်ဝင်ခွင့်စနစ်သစ်နဲ့ ကြုံမယ်

မေ - ၂၉ ၊၂၀၁၈

၂၀၁၈ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တဲ့သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လက်ခံမှုစနစ်သစ်ကို ဒီနှစ်မှာစတင်ကြုံတွေ့ရမှာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ဒီနှစ်ကစပြီး တက္ကသိုလ်၁၁ခုရဲ့ တက္ကသိုလ်ဝင်ခွင့်လက်ခံမှုစနစ်ကို ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။

ဝင်ခွင့်လက်ခံမှုစနစ်ပြောင်းလဲလိုက်တဲ့ တက္ကသိုလ်တွေကတော့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်(ရန်ကုန်)၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တို့ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

#အောင်စာရင်း #တက္ကသိုလ်ဝန်ထမ်း #စာမေးပွဲ #ပညာရေး #ပညာရေးသတင်း #7DayTV #7DayNews
========================

Videos similaires