LGBT ေတြအတြက္ အားတစ္ခုျဖစ္ေစမယ္ဆိုတဲ့ I Don’t F---king Care သီခ်င္း
ေမ - ၂၉၊၂၀၁၈
မၾကာခင္ရက္ပိုင္းအတြင္းက FG Entertainment က တင္လုိက္တဲ့ I Don’t F---king Care MTV ဟာ ပရိသတ္ေတြၾကားမွာ နာမည္ရေစခဲ့တဲ့သီခ်င္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။
စႏၵီျမင့္လြင္နဲ႔ဆိုဖီယာတို႔ရဲ႕ အတြဲညီညီသီဆိုထားတဲ့ သီခ်င္းျဖစ္ျပီး LGBT အားလံုးအတြက္ ရည္ရြယ္သီဆိုလိုက္တာလို႔ စႏၵီျမင့္လြင္က ေျပာပါတယ္။
မိန္းကေလးအဆိုေတာ္ႏွစ္ေယာက္ျဖစ္တာေၾကာင့္ Lesbian ပံုစံလို သီခ်င္းထဲမွာဆုိထားေပမယ့္လည္း LGBT ၊ လူျဖဴ ၊ လူမည္း အားလံုးဟာ တစ္တန္းတည္းမွာရွိတယ္ဆုိတာကို ေဖာ္ျပခ်င္တာလို႔ စႏၵီျမင့္လြင္က ေျပာပါတယ္။
LGBT ေတြကို ႏွိမ့္ခ်မႈေတြ ဆက္မျဖစ္ေစခ်င္သလို ကိုယ္ကိုယ္တုိင္ LGBT ကို အားေပးတဲ့သူတစ္ေယာက္ျဖစ္တဲ့ စႏၵီျမင့္လြင့္က I Don’t F---king Careသီခ်င္းဟာ LGBT ေတြအတြက္ အားတစ္ခုျဖစ္ေစမယ္လို႔ ေျပာပါတယ္။
I Don’t F---king Care သီခ်င္းဟာ လြန္ခဲ့တဲ့ ၂၀၁၇ ႏွစ္ကုန္ပိုင္းကတည္းက ပရိသတ္ေတြၾကားမွာ ထြက္ရွိခဲ့တာျဖစ္ျပီး MTV ကိုေတာ့ FG Entertainment Page မွာ ေမလ ၂၂ ရက္ေန႔႔မွာ တင္ထားခဲ့တာျဖစ္ပါတယ္။
ရုပ္သံသတင္းေထာက္ - ေအးျမတ္
#LGBT #SandyMyintLwin #စႏၵီျမင့္လြင္ #LocalNews #7DayNews #7DayTV
======================================================
(Unicode)
LGBT တွေအတွက် အားတစ်ခုဖြစ်စေမယ်ဆိုတဲ့ I Don’t F---king Care သီချင်း
မေ - ၂၉၊၂၀၁၈
မကြာခင်ရက်ပိုင်းအတွင်းက FG Entertainment က တင်လိုက်တဲ့ I Don’t F---king Care MTV ဟာ ပရိသတ်တွေကြားမှာ နာမည်ရစေခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
စန္ဒီမြင့်လွင်နဲ့ဆိုဖီယာတို့ရဲ့ အတွဲညီညီသီဆိုထားတဲ့ သီချင်းဖြစ်ပြီး LGBT အားလုံးအတွက် ရည်ရွယ်သီဆိုလိုက်တာလို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
မိန်းကလေးအဆိုတော်နှစ်ယောက်ဖြစ်တာကြောင့် Lesbian ပုံစံလို သီချင်းထဲမှာဆိုထားပေမယ့်လည်း LGBT ၊ လူဖြူ ၊ လူမည်း အားလုံးဟာ တစ်တန်းတည်းမှာရှိတယ်ဆိုတာကို ဖော်ပြချင်တာလို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
LGBT တွေကို နှိမ့်ချမှုတွေ ဆက်မဖြစ်စေချင်သလို ကိုယ်ကိုယ်တိုင် LGBT ကို အားပေးတဲ့သူတစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင့်က I Don’t F---king Care သီချင်းဟာ LGBT တွေအတွက် အားတစ်ခုဖြစ်စေမယ်လို့ ပြောပါတယ်။
I Don’t F---king Care သီချင်းဟာ လွန်ခဲ့တဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ပရိသတ်တွေကြားမှာ ထွက်ရှိခဲ့တာဖြစ်ပြီး MTV ကိုတော့ FG Entertainment Page မှာ မေလ ၂၂ ရက်နေ့့မှာ တင်ထားခဲ့တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်
#LGBT #SandyMyintLwin #စန္ဒီမြင့်လွင် #LocalNews #7DayNews #7DayTV