မန္တလေးက အမြင်မတင့်သည့် မုဒြာဟန် ဗုဒ္ဓရုပ်ပွားတော်များ တလအတွင်းအပြီးပြင်ရမည် (ရုပ်/သံ)ဧရာဝတီ ၊ မေ ၂၃ ၊ ၂၀၁၈မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀နှင့် ၆၂လ

2018-05-27 46

မန္တလေးက အမြင်မတင့်သည့် မုဒြာဟန် ဗုဒ္ဓရုပ်ပွားတော်များ တလအတွင်းအပြီးပြင်ရမည် (ရုပ်/သံ)

ဧရာဝတီ ၊ မေ ၂၃ ၊ ၂၀၁၈

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀နှင့် ၆၂လမ်းထောင့်ရှိ ဝေပုလ္လာရာမ မက္ခရာကျောင်းတိုက် ပြည်တော်အေး ကမ္ဘာ့ဒုက္ကရစရိယာ ရုပ်တုတော်ကြီးဘုရားဝင်းအတွင်း၌ တည်ထားကိုးကွယ်သည့် မုဒြာဟန်အမျိုးမျိုး ဗုဒ္ဓရုပ်ပွားဆင်းတု တော်များအနက်မှ အမြင်မတင့်သည့် မုဒြာဟန် ဗုဒ္ဓရုပ်ပွားတော်များကို စတင်ပြုပြင်နေပြီဖြစ်သည်။

အဆိုပါရုပ်ပွားတော်များ၏ မုဒြာဟန်များမှာ ထေရဝါဒသာသနာတော်နှင့်လည်း မကိုက်ညီ၊ ဗုဒ္ဓဘာသာဝင်များ၏ အမြင်၌လည်း တင့်တယ်မှု မရှိဟုဆိုကာ မြို့နယ်သံဃမဟာနာယက ဆရာတော်ကြီးများ အပါအဝင် မြို့နယ် သာသနာတော် ထိန်းသိမ်း စောင့်လျှောက်ရေး အဖွဲ့ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက မေလ ၁၇ ရက်နေ့က သွားရောက်စစ်ဆေးပြီးနောက် တလအတွင်း အပြီးပြုပြင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရိုက်ကူး - ဒီလှိုင်းဝင်း
တည်းဖြတ် - စိုးထွန်းသိန်း

Free Traffic Exchange

Videos similaires