FDA အမႈက ပုဒ္မေလးခုနဲ႔ စြဲခ်က္တင္ဧၿပီ ၃၀၊ ၂၀၁၈FDA ကဝန္ထမ္းအမ်ိဳးသမီးကို မုဒိန္းက်င့္ သတ္ခဲ့တဲ့ က်ဳဴးလြန္သူဆိုၿပီး ဖမ္းဆီးခံထားရသူကို ဒီကေန႔မွာ ပုဒ္မ ေလးခုနဲ

2018-05-07 5

FDA အမႈက ပုဒ္မေလးခုနဲ႔ စြဲခ်က္တင္

ဧၿပီ ၃၀၊ ၂၀၁၈

FDA ကဝန္ထမ္းအမ်ိဳးသမီးကို မုဒိန္းက်င့္ သတ္ခဲ့တဲ့ က်ဳဴးလြန္သူဆိုၿပီး ဖမ္းဆီးခံထားရသူကို ဒီကေန႔မွာ ပုဒ္မ ေလးခုနဲ႔ စြဲခ်က္တင္လိုက္ပါၿပီ။

လုယက္မႈ၊ လူသတ္မႈ၊ မုဒိန္းမႈနဲ႔ ဓမၼတာနဲ႔ဆန္႔က်င္အဓမၼက်င့္မႈတို႔နဲ႔ တရားစြဲဆိုခံထားရတာျဖစ္ၿပီးဒီေန႔မွာေတာ့ အဲ့ဒီ ပုဒ္မ ေလးခုလံုးနဲ႔ စြဲခ်က္တင္လိုက္တာ ျဖစ္ပါတယ္။

ေနာက္တစ္ပတ္ရံုးခ်ိန္းမွာေတာ့ အမႈအတြက္လိုအပ္ခ်က္အရ ဒုရဲအုပ္ယာခ်မ္းေျမ႕ေအာင္ကို ျပန္ေခၚသက္ေသအေနနဲ႔ စစ္ေဆးဖို႔ ေခၚယူထားတယ္လို႔လည္း သိရပါတယ္။

ေနာက္တစ္ပတ္ရံုးခ်ိန္းၿပီးတဲ့အခါ ျပစ္မႈက်ဴ းလြန္သူလို႔စြပ္စြဲခံရသူက ေျဖာင့္ခ်က္႐ုတ္သိမ္းေပးဖို႔ကိုလည္း တရားရံုးမွာ ဦးတိုက္ေလ်ွာက္ထားမယ္လို႔လည္း သိရပါတယ္။

အခုစြဲဆိုထားတဲ့ ပုဒ္မေတြဟာ က်ဴ းလြန္သူလို႔ စြပ္စြဲခံထားရသူအတြက္ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းအထိက်ခံႏိုင္တယ္လို႔လည္း သိရပါတယ္။

ေနာက္တစ္ပတ္ရံုးခ်ိန္းကိုေတာ့ ေမလ ၇ ရက္ေန႔ ထပ္မံခ်ိန္းဆိုထားတာပဲ ျဖစ္ပါတယ္႐ွင္။

႐ုပ္သံသတင္းေထာက္ - ယဥ္မြန္

Unicode

FDA အမှုက ပုဒ်မလေးခုနဲ့ စွဲချက်တင်

ဧပြီ ၃၀၊ ၂၀၁၈

FDA ကဝန်ထမ်းအမျိုးသမီးကို မုဒိန်းကျင့် သတ်ခဲ့တဲ့ ကျုူးလွန်သူဆိုပြီး ဖမ်းဆီးခံထားရသူကို ဒီကနေ့မှာ ပုဒ်မ လေးခုနဲ့ စွဲချက်တင်လိုက်ပါပြီ။

လုယက်မှု၊ လူသတ်မှု၊ မုဒိန်းမှုနဲ့ ဓမ္မတာနဲ့ဆန့်ကျင်အဓမ္မကျင့်မှုတို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီးဒီနေ့မှာတော့ အဲ့ဒီ ပုဒ်မ လေးခုလုံးနဲ့ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

နောက်တစ်ပတ်ရုံးချိန်းမှာတော့ အမှုအတွက်လိုအပ်ချက်အရ ဒုရဲအုပ်ယာချမ်းမြေ့အောင်ကို ပြန်ခေါ်သက်သေအနေနဲ့ စစ်ဆေးဖို့ ခေါ်ယူထားတယ်လို့လည်း သိရပါတယ်။

နောက်တစ်ပတ်ရုံးချိန်းပြီးတဲ့အခါ ပြစ်မှုကျူ းလွန်သူလို့စွပ်စွဲခံရသူက ဖြောင့်ချက်ရုတ်သိမ်းပေးဖို့ကိုလည်း တရားရုံးမှာ ဦးတိုက်လျှောက်ထားမယ်လို့လည်း သိရပါတယ်။

အခုစွဲဆိုထားတဲ့ ပုဒ်မတွေဟာ ကျူ းလွန်သူလို့ စွပ်စွဲခံထားရသူအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိကျခံနိုင်တယ်လို့လည်း သိရပါတယ်။

နောက်တစ်ပတ်ရုံးချိန်းကိုတော့ မေလ ၇ ရက်နေ့ ထပ်မံချိန်းဆိုထားတာပဲ ဖြစ်ပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Free Traffic Exchange

Videos similaires