မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပ်ျိုးထုတ်လုပ်မှုလျော့လာပေမယ့် စိတ်ကြွဆေးပြားတွေ ထုတ်လုပ်မှုက ပိုမိုများလာတယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။
မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံတော်အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်းရှင်းရမယ့် ပြဿနာတစ်ခုဖြစ်တယ်လို့လည်း ဒုတိယသမ္မတက ပြောကြားလိုက်တာပါ။
ဒီကနေ့ အောက်တိုဘာ ၁ရက်နေ့မှာ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာပြုလုပ်တဲ့ ၅၃ နှစ်မြှောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် မူးယစ်ဆေးဝါးထိန်းချူပ်ရေးအတွက် မူဝါဒါအသစ်တစ်ရပ်ကိုလည်း အစိုးရ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အစိုးးရ မဟုက်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူပေါင်းပြီး ရေးဆွဲဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်သာ ချမှတ်ပေးနိုင်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာ ဥပဒေကို ပြင်ဆင်ရေးဆွဲပြဌာန်းပြီးဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက်-မောင်သင်တုန်း