ရတနာပုံ မန္တလေး မြို့တည်၊ နန်းတည် မင်းတုန်းမင်းရဲ့ နတ်ရွာစံသက် ၁၃၉ နှစ်ပြည့်အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ ဆွမ်းကပ်အလှူကို ဆွေတော်မျိုးတော် ၇၀ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၆ ရက်က မြနန်းစံကျော် ရွှေနန်းတော်မှာ ဆွမ်းကပ်လှူဒါန်းပွဲနဲ့ ၀ါတော်၊သက်တော်ကြီးတဲ့ ဆွေတော်မျိုးတော်တွေကို ပူဇော်ကန်တော့ပွဲကိုပါ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။
မင်းတုန်းမင်းတြားကြီး လက်ထက်က ရှိခဲ့တဲ့ ရှမ်းစော်ဘွားတွေရဲ့ သား၊သမီးတွေနဲ့ မျိုးဆက်တွေကလည်း ဒီနေ့ အလှူပွဲကို တက်ရောက်ခဲ့ကြပါတယ်။ သားသမီးမြေးမြစ်များကလည်း တက်ရောက်ခဲ့ကြသည်။
သီပေါမင်းတြားကြီး၊ သုံးဆယ်မင်းသား၊ ကျောက်ရစ်ထိပ်ခေါင်တင်၊ မိုးနဲကိုယ်တော်ကြီး၊ ဒုတိယရန်အောင်မြင်မင်းသမီး၊ ထိပ်တင်ကိုယ်တော်စိုး၊ လင်းပင်မင်းသား၊ ထိပ်ခေါင်တင်စော၊ ညောင်ရမ်းမင်းသားကြီး၊ မက္ခရာမင်းသားကြီး၊ မင်းတပ်ထိပ်ခေါင်တင်၊ ညောင်ရမ်းမင်းသား၊ သရစိမ်းခင်ခင်အုန်း၊ ရွှေကူမင်းသား (ရာသက်ပန်)၊မြင်စိုင်းမင်းသား၊ ၀ါးနွယ်ကုန်းထိပ်ခေါင်တင်၊ လင်ပင်းမင်းသားကြီး၊ထန်းတပင်မင်းသား၊ပန်းတိမ်းမင်းသားကြီးနှင့် တက်နွှဲမင်းသားကြီးစတဲ့ ဆွေတော်မျိုးတော်တွေရဲ့ မြေးတော်တွေနဲ့ အဆက်အနွယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - ဖြိုးဖြိုးဇော်