အစိုးရက ကတိပေးပြီး ဆောင်ရွက်ပေးဖို့ ကြာနေတဲ့ ကိစ္စတွေကို လွှတ်တော် ဘာလုပ်ဖို့ရှိလဲ

2017-10-07 2

လွှတ်တော်မှာ အစိုးရက ကတိပေးထားတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးဖို့ နှောင့်နှေးနေတယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ကတိကဝတ်၊ အာမခံချက်များနဲ့ လွှတ်တော် အခွင့်အရေး ကော် မတီက သက်ဆိုင်ရာ ဌာနတွေကို တွေ့ဆုံညှိနှိုင်းမယ်လို့ သိရပါတယ်။

အဲဒီ့ကော်မတီအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဌာန၁၂ခု၊ လျှပ်စစ်၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေး အစရှိတဲ့ ဌာနတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နေရာ အများစုရထားတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဟာ ပြီးခဲ့တဲ့ မေလအတွင်းက ကျင်းပခဲ့တဲ့ လွှတ်တော် လေးကြိမ်မြောက်အစည်းအဝေးအထိ မေးခွန်း ပေါင်း ခြောက်ရာကျော် မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဆိုကတော့ ၁၇ ခု တင်သွင်းထားတာရှိပါတယ်။

အဆိုတွေထဲမှာ ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းမှုကိုဖြေရှင်းပေးဖို့၊ရေကြီးရေလျှံမှုဖြေရှင်းပေးဖို့၊ ဈေးတွေကို ဈေးအဂါင်္ရပ်နဲ့အညီ အဆင့်မြှင့်တင်ပေးဖို့၊ အများပြည်သူပိုင်နေရာတွေကို အများပြည်သူတွေပိုင်ဆိုင်ခွင့်ရဖို့ အဆိုအစရှိတာတွေ ပါဝင်ပါတယ်။

ကော်မတီအနေနဲ့ တစ်နှစ်ပြည့် အစီရင်ခံစာကို ပြီးခဲ့တဲ့ လေးကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး နောက်ထပ် အစီရင်ခံစာ တင်သွင်းနိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရက လွှတ်တော်မှာ ကတိကဝတ်ပြုခဲ့တဲ့ ကိစ္စကို စိစစ်နေတယ်လို့ သိရပါတယ်။


ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Free Traffic Exchange

Videos similaires