သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို ကန့်ကွက်ရှုံ့ချပွဲကို မန္တလေးမြို့ မနော်ယမံ လူထုဟစ်တိုင်တွင် ဇွန်လ (၂၅)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီကန့်ကွက်ပွဲကို ရဟန်းသံဃာတွေ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း အင်အား (၅၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး သူရဦးအောင်ကိုကို ရာထူးမှဖယ်ရှားပေးရန်၊ ဆရာတော် ဦးဝီရသူကို တရားဟောခွင့် အမြန်ဆုံးပြန်လည် ခွင့်ပြုပေးရန်၊ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်မှ သတင်းပေးသူများအပေါ် နိုင်ငံတော်အတွင်း ဆူပူမှုများ လုပ်ဆောင်သည်ဟု စွဲချက်ဖြင့် အရေးယူရန် အမိန့်ပေးစေခိုင်းနေမှုများအား အမြန်ဆုံးရုပ်သိမ်းပေးရန် စတဲ့ ထုတ်ပြန်ချက် (၆)ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်တွေကို တစ်ပတ်အတွင်း ဆောင်ရွက်ပေးခြင်း ရှိမရှိ စောင့်ကြည့်သွားမှာ ဖြစ်ပြီး ဖြေရှင်းပေးခြင်းမရှိရင် သပိတ်စခန်း ဖွင့်လှစ်ပြီး အကြမ်းမဖက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ရုပ်သံသတင်းထောက် - ထက်သာဦး