သိမ်းဆည်းထားပြီး အကောင်အထည်မဖော်တဲ့ လယ်ယာမြေတွေကို ဒုတိယ သမ္မတ ဦးဆောင်တဲ့ ကော်မတီက လယ်သမားတွေကို ပြန်လည်ပေးအပ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်မှုဆောင် အစည်းအဝေးအပြီးမှာ အတွင်းရေးမှုး ဦးဝင်းထိန်းက ပြောကြားလိုက်တာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အစိုးရအဖွဲ့က သိမ်းဆည်းထားပြီး အကောင်အထည်မဖော်တဲ့ လယ်ယာမြေတွေကို ပြန်လည်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေ၊ တစ်ဦးချင်းတွေက အသုံးမပြုတာတွေကိုပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘယ်အချိန်မှာ မြေယာတွေကို ပြန်လည်ပေးအပ်နိုင်မလဲဆိုတာကို ပြောဆိုနိုင်ခြင်းမရှိပေမယ့် အမြန်ဆုံး လယ်သမားတွေကို ပေးအပ်နိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ ဒီကနေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်းကြားလာတဲ့စာတွေက ပါတီစည်းမျည်းစည်းကမ်းနဲ့ အရေးယူဖို့အတွက်တောင် အထောက်အထားမခိုင်လုံတဲ့ တိုင်းကြားစာတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို ဒီကနေ့ ဇွန်လ ၄ ရက်မှာ စည်ပင်ရိပ်သာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်-မောင်သင်တုန်း