ပြည်သူတွေအတွက် အသက်ပေးပြီး မိုင်းနဲ့ မူးယစ်ဆေးဝါး ရှာဖွေရတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေရတဲ့ သင်တန်းဆင်း လုံခြုံရေးခွေးတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် FBD (For Brave Dog) လို့ခေါ်တဲ့ ပရဟိတအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။အဲဒီပရဟိတအဖွဲ့ ဖွဲ့စည်းခြင်း သတင်းစာ ရှင်းလင်းပွဲကိုတော့ ဒီနေ့ မေလ ၁၅ ရက် နေ့လည်က ရန်ကုန်မြို့ ၃၅ လမ်းမှာရှိတဲ့ ဧရာဝတီပန်းချီပြခန်းမှာ ပြုလုပ်ခဲ့ပြီး၊အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ပြောခဲ့ပါတယ်။ မိုင်းနဲ့ မူးယစ်ဆေးဝါး ရှာဖွေခြင်း သင်တန်းဆင်းလုံခြုံရေးခွေးတွေ အတွက် FDB အဖွဲ့တွေက လစဉ်ခွေးကိုင် စစ်သည်များမှတဆင့် လှူဒါန်းပေးခြင်းနဲ့ တစ်နှစ် တစ်ကြိမ်၊ ခြောက်လ တစ်ကြိမ် ကာကွယ်ဆေးထိုးရမယ့် အချိန်ရောက်တဲ့အခါမှာလည်း ဆေးဖိုးကုန်ကျငွေတွေကို ပုံမှန်လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်