ရန်စမှုတွေကို တုံ့ပြန် ဒဏ်ခတ်သွားမယ်လို့ တောင်ကိုရီးယားစစ်တပ် သတိပေး

2017-10-07 0

မြောက်ကိုရီးယား အနေနဲ့ လှုံ့ဆော် ရန်စတဲ့ အပြုအမူတွေ မရပ်ဘူးဆိုရင် ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ကြုံလာရလိမ့်မယ်လို့ တောင်ကိုရီးယား စစ်တပ်က သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ မေ ၁၄ ရက် မနက်အစောပိုင်းက တိုက်ချင်းပစ် ဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်ခတ်ခဲ့ပြီး နိုင်ငံရဲ့ လက်နက်စီမံကိန်းကို အရှိန်မြှင့် ဖော်ဆောင်နေဆဲဖြစ်ကြောင်း ပြသလိုက်ပါတယ်။ ဒါဟာ တောင်ကိုရီးယားမှာ ရွေးကောက်ပွဲအပြီး အစိုးရ အပြောင်းအလဲ ဖြစ်တဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေး အရာရှိတွေက မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုကို အတည်ပြုခဲ့ပြီး အဲဒီဒုံးကျည်ဟာ အမြင့်ပေ ကီလိုမီတာ ၂၀၀၀ နီးပါးထိ ပျံတက်ခဲ့သလို ခရီးအကွာအဝေး ကီလိုမီတာ ၇၀၀ လောက်ထိ ရောက်ရှိခဲ့တယ်လို့ ကြေညာပါတယ်။

Free Traffic Exchange

Videos similaires