အသစ်တူးဖော် တွေ့ရှိထားတဲ့ အီဂျစ် ရှေးလက်ရာ ပစ္စည်းတွေကို ခင်းကျင်းပြသ

2017-10-07 10

ဖာရိုးဘုရင် တစ်ပါးရဲ့ ဧရာမ ရုပ်တုကြီး အပါအဝင် အသစ်တူးဖော် တွေ့ရှိထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို အီဂျစ် ရှေးဟောင်းသုတေသန ပညာရှင်တွေက ထုတ်ဖော် ပြသလိုက်ပါတယ်။

လက်ဇာမြို့တော်ဟောင်း နေရာက အူဆာဟတ်ရဲ့ ဂူသင်္ချိုင်းကြီးကို ရှာဖွေ တွေ့ရှိတဲ့ သတင်းကို သုတေသီတွေက အတည်ပြု ကြေညာခဲ့ပြီး ရှေးဟောင်းပစ္စည်း အမြောက်အမြားကို ခင်းကျင်း ပြသခဲ့တာ ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေနဲ့အတူ ၁၁ မီတာမြင့်ပြီး ၇၅ တန် အလေးချိန်ရှိတဲ့ ဒုတိယရမ်းဆက်စ်ဘုရင် ပုံတူ ရုပ်တုကြီးကို လက်ဇာ ဝတ်ကျောင်းတော်မှာ ပြသခဲ့ပါတယ်။ နှမ်းဖတ်ကျောက်သား ရုပ်တုကြီးကိုတော့ ရှာတွေ့ထားတာ နှစ်ပေါင်း ၆၀ ဝန်းကျင် ရှိပြီဖြစ်ပေမယ့် မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Free Traffic Exchange