BarCamp Organizer Conference လုပ်ဖို့ စီစဉ်နေ

2017-10-06 0

မြန်မာနိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့တဲ့ ဘားကမ့်စီစဉ်သူတွေနဲ့ မူလစတင်ကျင်းပခဲ့တဲ့ ဘားကမ့်ရန်ကုန်စီစဉ်သူတွေ တွေ့ဆုံဖို့ ရှိနေပါတယ်။ နေရာအနှံ့မှာ ကျင်းပခဲ့တဲ့ ဘားကမ့်ပွဲတွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ မူလသတ်မှတ်ထားတဲ့ ဘားကမ့်ရဲ့ အနှစ်သာရ ယူဆချက်တွေကို တွေ့ဆုံဆွေးနွေးဖို့ အတွက် အခုလို conference တစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တက်ရောက်မယ့် သူတွေအနေနဲ့ သက်ဆိုင်ရာ ဘားကမ့် organizer အဖွဲ့ကိုယ်စား ၂ ယောက် တက်ရောက်ခွင့်ရမှာဖြစ်ပြီး၊ တက်ရောက်မယ့် သူတွေအနေနဲ့ ဧပြီလ ၃၀ ရက်နောက်ဆုံးထားပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းဆီကို ဆက်သွယ်ပေးရမှာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်