ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြည်ပရောက်ကြိုတင်မဲပေးမယ့်သူ သုံးရာကျော်ရှိတဲ့ထဲက ၁၄ဦးက မဲဆန္ဒနယ်မြေလွဲနေပြီး ၄ဦးက သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှာ လုံးဝမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကပြောပါတယ်။ ပြည်ပရောက် မဲဆန္ဒရှင်တွေ အတွက် ကြိုတင်ဆန္ဒမဲပေးရမယ့် လုပ်ငန်းလမ်းညွှန်ကိုလည်း UECဝက်ဘ်ဆိုဒ်မှာတင်ထားပေးတယ်လို့ သိရပါတယ်။ လစ်လပ် မဲဆန္ဒနယ်၁၉ခု အတွက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်၂.၂သန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်