YBS စနစ်သစ် စတင်ခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်ကစပြီး မြို့ပတ်ရထား ခရီးစဉ်တွေကို နေ့စဉ် ၅ ခေါက်တိုးကာ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ တွဲဆိုင်းသစ်နှစ်ဆိုင်းကို အရန်ထားပြီး ခရီးသည်တွေ အတွက် လိုအပ်တဲ့နေရာတွေမှာ ပြေးဆွဲပေးနေတာပါ။ ရထားစီး ခရီးသည်တွေ အနေနဲ့လည်း ရုံးတက်ရုံးဆင်း၊ ကျောင်းတက်ကျောင်းဆင်းချိန်တွေမှာ ရထားပြေးဆွဲမှုတွေကို အခုထက် တတ်နိုင်သလောက် ခပ်စိတ်စိတ်ပြေးဆွဲပေးလိုနေကြတာပါ။ ဒါ့အပြင် အခုမှစပြီး ရထားအသုံးပြုလိုတဲ့ ခရီးသည်တွေ အတွက် မြို့ပတ်ရထား အချိန်စာရင်းတွေကို ပိုမိုသိရှိနိုင်ဖို့ လုပ်ဆောင်မှုတွေလည်း ဆောင်ရွက်ပေးစေလိုနေကြတာပဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - သန်းဌေးအောင်