အစ္စတန်ဘူလ် နိုက်ကလပ် စီးနင်းပစ်ခတ်မှု တရားခံကို တူရကီ ရဲတပ်ဖွဲ့ ဖမ်းဆီး

2017-10-06 0

ပြီးခဲ့တဲ့ လကုန်ပိုင်းက အစ္စတန်ဘူလ်မြို့မှာရှိတဲ့ နိုက်ကလပ်ကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ တူရကီ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အကြီးအကျယ် ဖြန့်ကျက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဥဇဘက်ကစ္စတန် နိုင်ငံသား အက်ဘ်ဒူလ်ကာဒါး မာရှာရီပေါ့ဗ်ကို ဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။ သွေးတွေစွန်းပေနေတဲ့ သံသယတရားခံရဲ့ ဓာတ်ပုံကိုလည်း ပြသခဲ့ပါတယ်။ သူဟာ အစ္စတန်ဘူလ်မြို့ရှိ အီဆန်ယွတ် ရပ်ကွက်အတွင်း ပုန်းခိုနေချိန်မှာ အဖမ်းခံရတာဖြစ်ပါတယ်။ အစောပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုရဲ့ တရားခံဟာ တူရကီ ပြင်ပကို ထွက်ပြေးလွတ်မြောက်သွားပြီလို့ ယုံကြည်ကြောင်း သတင်းတွေလဲ ထွက်ပေါ်ခဲ့ပါတယ်။

Videos similaires