အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေက ပယ်ဖျက်လိုက်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ (နိုဝင်ဘာ ၂၈ ရက်)မှာ ကျင်းပတဲ့ ပြည့်သူ့လွှတ်တော် အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် တောင်သူလယ်သမား နှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း၊ ကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာစိုးမိုးသူ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဥာဏ်လင်းတို့ကို ကော်မတီ တာဝန်များမှ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။