နယူးဇီလန်မှာ ငလျင်နှစ်ခုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ဒေါ်လာ ဘီလီယံနဲ့ချီ များပြားနိုင်ကြောင်း ဝန်ကြီးချုပ် ဂျွန်ကီးက ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက် ညသန်းခေါင်လောက်မှာ ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး နာရီ အနည်းငယ် အကြာမှာ နောက်ထပ် ရစ်ခ်ျတာစကေး ၆.၂ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု ထပ်လှုပ်ခဲ့တာပါ။ ဆောက်သ်အိုင်းလန်းက ခရစ္စချတ်ခ်ျအနီး လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် သေဆုံးသူ အနည်းဆုံး ၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။