ချင်းတွင်းမြစ်ရေ ဘာကြောင့် မည်း

2017-10-06 6

ချင်းတွင်းမြစ်အတွင်း ရေမည်းတွေစီးဆင်းမှုကို လေ့လာစုံစမ်းတဲ့အခါမှာ စီးဝင်တဲ့ချောင်းရဲ့ ကမ်းပါးနံရံက ကျောက်မီးသွေးအလွှာတွေ ပြိုကျတာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ချင်းတွင်းမြစ်ထဲစီးဝင်တဲ့ နန့်စလင်ချောင်းရိုးတလျောက်စစ်ဆေးတဲ့အခါမှာ ရေထဲမှာ ပျော်နူးနေတဲ့ ကျောက်လွှာမည်းမည်းတွေကို တွေ့ရတာဖြစ်ပါတယ်။ အဲဒီကျောက်လွှာတွေကို စစ်ဆေးကြည့်တဲ့ အခါမှာတော့ ခဲဓာတ်နဲ့ သံဓာတ်တွေပါဝင်မှုများနေတဲ့ သောက်သုံးဖို့မသင့်တဲ့ သက်တမ်းနုကျောက်မီး သွေးအလွှာတွေပျော်ဝင်နေတဲ့ ရေတွေဖြစ်နေတယ်ဆိုတာကို တွေ့ရှိတာဖြစ်ပါတယ်။
(မုံရွာသတင်းထောက် မျိုးမင်းဦး ရိုက်ကူးတင်ဆက်ထားပါတယ်။)